လှိုင်းဘွဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

လှိုင်းဘွဲ   ဇန်နဝါရီလ  ၁၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်များအတွက် ရရှိရထိုက်သော အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က  ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က ကလေးသူငယ်များများ၏ ရရှိရထိုက်သော အခွင့်အရေးများ၊ ကလေး သူငယ် အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အရေးယူ ဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးအလုပ်သမားများ ပပျောက်စေရန်အတွက် ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ် ကြောင်း  ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဦးစောဆန်းကျော်မိုးနှင့် Youth Club အဖွဲ့ဝင် ဒေါ်မိအေမီကိုတို့က ပညာသင်ကြားနေရမည့် ကလေး ငယ်များအား ကောင်းစွာ ပညာသင်ကြားလေ့ကျင်းပေးခြင်းသည် တိုင်းပြည်အတွက် တန်ဖိုးမြင့် လူ့စွမ်းအားအရင်းအမြစ်ကို ပြုစုပျိုးထောင်ပေးခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြည်သူများအကြား ကလေး အလုပ်သမားဆိုင်ရာ အသိအမြင် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်နည်းတူ ပြည်သူများကလည်း မိမိရင်သွေးကလေး သူငယ်များအား ကျောင်းစာသင်ခန်းသို့ အ‌ရောက်ပို့ခြင်းလုပ်ငန်းဖြင့် ပါဝင်ကူညီကြရန်၊ မြန်မာနိုင်ငံ၏ ကလေးအလုပ်သမားအခြေအနေ၊ ကြိုးပမ်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဥပဒေများ၊ မူဝါဒများဖြင့် ကာကွယ်ဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)