လှိုင်းဘွဲ ဇန်နဝါရီလ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကော့လှိုင်းကျေးရွာတွင် အလှူ့ဒါယကာ ဦးသောင်းငြိမ်းနှင့် အလှူ့ဒါယကာမ ဒေါ်နန်းကျင် မိသားစုတို့မှ တရားဟောပလ္လင်၊ ဗီဒိုနှင့် ပိဋကတ်သုံးပုံ လှူဒါန်းခြင်းအတွက် အကြို ညတရားဓမ္မပူဇာသဘင်ပွဲကို ယမန်နေ့ည(၇)နာရီအချိန်က စတင်ကာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ညတရားဓမ္မပူဇာသဘင်ပွဲကို ဇန်နဝါရီလ(၁၂)ရက်နေ့တွင် မြို့နယ်သံဃနာယကဥက္ကဌ(ရွှေကျင်)၊ လှိုင်းဘွဲမြို့ မဟာသုမေဓာရာမတောရစာသင်တိုက် ဆရာတော် ဘဒ္ဒန္တပညာသာမိ (နယ်လှည့်ဓမ္မကထိက) ကလည်းကောင်း၊ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ဘားအံမြို့နယ် သပြေကုန်းတောရသုန္ဒရာရုံးကျောင်း ဆရာတော် အရှင်ဉာဏောဒယ (B.A, M.A သီရိလင်္ကာ)က လည်းကောင်း၊ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ် မြို့နယ်သံဃနာယက အကျိုး တော်ဆောင်(သုဓမ္မာ)၊ မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တ စန္ဒရ(ဂုရုကြီး) (နယ်လှည့်ဓမ္မကထိက) အသီးသီးတို့က(၃)ရက်ကြာ ညတရားပွဲ ဟောကြားသွားမည်ဖြစ်ပြီး ဇန်နဝါရီလ (၁၅)ရက်နေ့ မနက်ပိုင်းတွင် ဘားအံမြို့နယ် တမိုစိန်ကျောင်းဆရာတော် အရှင်ကုမာရက ရေစက်သွန်းချ တရားတော်မြတ် ချီးမြှင့်ဟောကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)