မြစ်သားမြို့၌  ဆီးချို၊ သွေးတိုးရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေး(အခမဲ့)စစ်ဆေးပေးခြင်းဆောင်ရွက်

မြစ်သား     ဇန်နဝါရီ    ၁၃

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆီးချို၊ သွေးတိုး ရောဂါ ဝေဒနာရှင် မိဘပြည်သူများအား ကျန်းမာရေး(အခမဲ့)ကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်း မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ  မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါ်တာဝေမာနွယ်က မိဘပြည်သူများ အနေဖြင့် ဆီးချို၊ သွေးချို ရောဂါကာကွယ်နိုင်ရန်အတွက်  ကိုယ်လက်လှုပ်ရှားမှု အနဲဆုံး နာရီဝက် ပြုလုပ်ရန်၊ အသီးအရွက်များများစားပေးရန်၊ ချိုလွန်းငန်လွန်းသော အစားအစာများ မစားသုံးရန်၊ ရေများများ သောက်သုံးရန်၊ သန့်ရှင်းလက်ဆတ်သောအစာများကို ရွေးချယ်စားသုံးရန်၊ ဆီးချို၊ သွေးတိုး ရောဂါဖြစ်လျှင် မှန်မှန်ပြသခြင်းဖြင့် နောက်ဆက်တွဲရောဂါဆိုးများ မဖြစ်ရန် ကြိုတင် ကာကွယ်နိုင်ကြစေရန် အသိပညာပေး ဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ ကျန်းမာရေးမှူး ဒေါ်တာဝေမာနွယ်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ လာရောက်ပြသကြသည့် ဆီးချို၊ သွေးတိုးရောဂါ ဝေဒနာရှင် မိဘပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချို ရှိ/မရှိစစ်ဆေးပေးခြင်း၊ ရောဂါအလိုက် လိုအပ်သည့် ဆေးဝါးများဖြင့် ကုသပေးခြင်းနှင့် လေ့ကျင့်ခန်းပြု လုပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေး(အခမဲ့)စစ်ဆေးပေးခြင်းကို ဇန်နဝါရီ(၅)ရက် နေ့မှစတင်ကာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်း နေ့စဉ်နံနက်(၉)နာရီမှ (၁၂)နာရီ အထိ  ဆီးချို၊ သွေးတိုးရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေး အခမဲ့ ​စစ်ဆေးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးမှူးထံမှ သိရသည်။

မြမြမွန် (မြစ်သား)