လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

လှည်းကူး ဇန်နဝါရီ ၁၃    

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ရဲမွန်ကျေးရွာအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်း ရဲမွန်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ဘိုးဘွားများ လက်ဝယ် အရောက် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်( ၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၅) ဦးတို့အတွက် နိုင်ငံတော်မှ တစ်လလျှင်ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ရဲမွန်ကျေးရွာအသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၅) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၄၅၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းကို ရဲမွန်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ထံမှ သိရသည်။

သန်းသန်းစိုး