လှိုင်းဘွဲ ဇန်နဝါရီလ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများအား အသိပညာဗဟုသုတ ရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ကို Online မှတစ်ဆင့် ဆောင်ရွက် ပေး လျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် Online မှ တစ်ဆင့် စာဖတ်ပရိသတ် များအတွက် စာအုပ်မိတ်ဆက်ခြင်း/ ကျန်းမာရေး ဆိုင်ရာ အသိပညာပေးခြင်း/ နေ့ထူးနေ့မြတ် အကြောင်းများ အသိပညာပေးခြင်း၊ ကျောင်းသား/သူများ၊ ကလေးငယ်များအတွက် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ရုပ်ပြပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စကားပုံတင်ဆက်ခြင်းနှင့် အထွေထွေဗဟုသုတ သိမှတ်ဖွယ်ရာ အစီအစဉ်များကို နေ့စဉ်ဆောင်ရွက်ပေးလျက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အသိပညာပေး Talk Show ဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
စောဒိ( ပြန် / ဆက်)