လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကမ္ဘာ့ကုသသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆန်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၇)ရပ်ကွက် ဓမ္မာရုံ၌ တစ်ရက်ကို အိမ်ထောင်စု(၂၀၀၀)နှုန်းဖြင့် အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်နှုန်းစီ ထောက်ပံ့လျက် ရှိသည်။
ထို့နောက် ဆန်ဖြန့်ဖြူးရေး အခြေစိုက်နေရာများဖြစ်သော အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော မိသားစုများအား ဆန်နှင့် အသက်(၂)နှစ်အောက် ကလေး သူငယ်များအား အာဟာရမှုန့်များကို ထောက်ပံ့လျက်ရှိပြီး အိမ်ထောင်တစ်စုလျှင် ဆန်တစ်အိတ်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု(၈၀၀၀)စုကို ဆန်များ ထောက်ပံ့လျက်ရှိပြီဖြစ်ကြောင်းကို အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချမ်းသာ မှ ပြောကြားခဲ့သည်။
ခင်၀င်းမူ(ပြန်/ဆက်)