ပေါက်ခေါင်းမြို့နယ်တွင် နှာခေါင်းစည်း Mask Campaign ပြုလုပ်ပြီး ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆက်လက်ဆောင်ရွက်

ပေါက်ခေါင်း ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာ‌စေရန်နှင့် Mask Campaign ကို ယနေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့မဈေးနှင့် လူစည်ကားရာ​နေရာများ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေ​ထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စျေးသွား စျေးလာ ပြည်သူများကို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးပြီး၊ နေအိမ်အပြင်ထွက်သည့် အခါတိုင်း ပါးစပ် နှာခေါင်းစည်း မဖြစ်မ‌နေ တပ်ဆင်သွားလာကြပါရန် အသိပေး ပြောကြားခဲ့ကြောင်း သိရ သည်။

သန်းထွန်းအောင်