ဖြူး ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းရှိ အမျိုးသမီးငယ်သင်တန်းသူများအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာများ သိရှိနိုင်စေရေးအတွက် ရည်ရွယ်ကာ ယမန်နေ့ နံနက် (၉)နာရီခွဲ အချိန်က အဆိုပါ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမတွင် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာများအား ဖြူးမြို့နယ် ဥပဒေအရာရှိ ဒေါ်အိသိမ့်သိမ့်သွယ်က လည်းကောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာများ အား ဖြူးမြိုနယ် ရဲစခန်းမှူး ဒုရဲမှူး အောင်လင်းက လည်းကောင်း အသိပညာပေး ပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာအလိုက် အသိပညာပေး ပြောကြားရာတွင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာအုပ်စာပေ ဖတ်ရှုသည့် အကျိုး ကျေးဇူးများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦး စီးမှူးဒေါ်သန္တာစိုးက စားသုံးသူအခွင့် အရေး ဆိုင်ရာများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများ၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက အမျိုးသမီးငယ်များ ကျန်းမာရေးနှင့် တိုင်းရင်းဆေးအကြောင်း တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းအုပ်နှင့် ဆရာမများ၊ သင်တန်းသူ(၄ဝ)ဦး တက်ရောက်ကြောင်း သိရ သည်။
နေမျိုးလွင်(ပြန်/ဆက်)