ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အိုမီခရွန်ရောဂါ အကြောင်းအသိပညာပေး(Talk Show)ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းရွာသစ်   ဇန်နဝါရီ    ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အိုမီခရွန်ရောဂါအကြောင်းသိရှိစေရန်နှင့် ကြိုတင် ကာကွယ်ရန်ရည်ရွယ်၍ အိုမီခရွန်အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ပြည်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်အေးအေးနွဲ့က  ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမဒေါ်နန်းစုစုအောင်က အိုမီခရွန်အကြောင်း သိကောင်းစရာများ၊ အိုမီခရွန် ရောဂါကြိုတင်ကာ ကွယ်ရမည့်နည်းလမ်းများ၊ ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ အိုမီခရွန်ရောဂါ၏ လက္ခဏာများ စသည့် ပြည်သူများ လိုက်နာရမည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)