အမြို့မြို့အနယ်နယ်သတင်းများ

Aug 09,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျှက်ရှိသည့် လူမှုကူညီရေးအသင်းများအား မွန်ပြည်နယ်ဘေးအန္တရယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို ဩဂုတ်လ ၈ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
Aug 09,2021
           ကျိုက်ထိုမြို့နယ်အတွင်းရှိ  ပြည်သူများအား COVID-19  ကူးစက်ရောဂါ   ကာကွယ်ဆေးကို  ဇူလိုင်  ၂၉  ရက်နေ့မှ စတင်၍   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ    ဦးမျိုးမင်းစိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့်    အဖွဲ့ဝင်များ၊   မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး    ဒေါက်တာ ခွန်မောင်အိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ  ပါဝင်သော     အဖွဲ့သည်      ကျိုက်ထိုမြို့      ကံ့ကော်ရပ်ကွက်ရှိ အမှတ်(၁)  အခြေခံပညာ    အထက်တန်းကျောင်း  Centre (၁)၊     Centre (၂) နှင့်အတူ  မြို့နယ်သာသနာ့ဗိမာန် ၊ ကျိုက်ထိုပြည်သူ့ဆေးရုံတို့၌ နေရာ(၄)ခုခွဲ၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ဆေးကို ထိုးနှံပေးခဲ့သည်။    
Aug 09,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac)ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဩဂုတ် ၈ ရက်နေ့ နံနက် ၉ နာရီမှစတင်ကာ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 09,2021
            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရန်ရည်ရွယ်၍ ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေ(၄၃၄)သိန်း ကို ယနေ့နံနက် (၁၀) နာရီက ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု များပြားနေသဖြင့်  သြဂုတ် ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကောလင်းမြို့အတွင်းရှိ စျေးအားလုံး ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
Aug 09,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုင်းယောင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။
Aug 09,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ (မြို့ပေါ်နေပြည်သူ)နှင့် သမ္ဘူလတိုက်နယ်စုရပ် ၊ ရွှေပန်းတောတိုက်နယ်အုပ်စု၊ ကျောက်ပန်းတောင်းအုပ်စု၊ ပြလို့တိုက်နယ်အုပ်စု၊ ညောင်ပင်ဆိပ်တိုက်နယ်အုပ်စု၊ စခန်းကြီးစုရပ်နှင့် ရေနံကြီးတိုက်နယ်စုရပ် စုစုပေါင်း(၈) နေရာခွဲ၍ ထိုးနှံပေးခဲ့ရာ
Aug 09,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ယနေ့နံနက် ၁၀နာရီမှစ၍ နေအိမ်ပြင်ပသို့ ထွက်သူများအား မြို့အဝင် သုခိတစံကျောင်းတော်ရှေ့တွင် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။