သံတွဲ ဇန်နဝါရီ ၁၄
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ အားကစားခန်းကို Youth Club အဖွဲ့များဖွဲ့စည်းပြီး ဇန်နဝါရီ ၁ရက်နေ့ မှစတင်ဖွင့်လှစ်ပေးထားခဲ့ရာ ယမန်နေ့ အထိ အားကစားလေ့ကျင့်ရန်အတွက် စာရင်းပေးသွင်းထားရှိသူ အမျိုးသား ၂၂ ဦး နှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း ၂၉ ဦး ရှိပြီဖြစ်ကြောင်း Youth Club အဖွဲ့ဝင် ကိုဖြိုးမောင်မောင်ထံမှ သိရသည်။
အဆိုပါ အဖွဲ့ဝင်များအား နေ့စဉ်ညနေ ၃ နာရီ မှ ၆ နာရီအထိ လေ့ကျင့်ချိန်ခွင့်ပြုပေးထားရာ အမျိုးသမီးများအား ညနေ ၄ နာရီမှ ၅ နာရီအထိ တစ်ချိန်ခွင့်ပြုပေးထားကာ အမျိုးသား များအားကျန်သည့် အချိန်များတွင် တစ်ချိန်လျှင် ၁၀ ဦးအား သတ်မှတ်စည်းကမ်းချက်များ နှင့် အညီအားကစား လေ့ကျင့်ခွင့်ပြုထားပြီး အဆိုပါလေ့ကျင့်မှုများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Clubအဖွဲ့တို့ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ခရိုင်ပြန်/ဆက်