ထန်းတပင်မြို့နယ် အတွင်းရှိ ရပ်ကွက်များအတွင်း အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲဗီဇ ပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေးနှိုးဆော်

ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ယနေ့ နံနက်ပိုင်းက သီရိဟေမာရပ်ကွက်ရှိ လူစည်ကားရာနေရာများသို့ သုံးဘီး မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ဆက်လက်ကာကွယ်ပါ၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ နှာချေ၊ ချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းတံခါးများ ဖွင့်ထားပါ၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀) ကြာ ဆေးကြောပါ၊ တတ်နိုင်သမျှ မိမိနေအိမ်တွင် နေထိုင်ပါ၊ မဖြစ်မနေ အိမ်ပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမားရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ စသည့်အချက်များကို ပြည်သူများအားလုံး ဆက်လက် လိုက်နာပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)