ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး (MCCT) အစီအစဉ်ဖြင့် Digital Literacy ဆင့်ပွားနည်းပြ သင်တန်း ဖွင့်လှစ်ပို့ချ

သာပေါင်း ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှစတင်၍ ပြည်အေးခန်းမ၌ မြို့နယ်အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သော ကိုယ်ဝန်ဆောင် မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး (MCCT) အစီအစဉ်ဖြင့် Digital Literacy ဆင့်ပွားနည်းပြသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး‌ ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အဆင့် အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်က သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား ပြောကြားပြီးမြို့နယ် အဆင့် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ငြိမ်းငြိမ်းစိုးမှ အမျိုးသမီးရေးရာအဖွဲ့ ပူးပေါင်းစာရင်းကောက်ယူရေး လုပ်ငန်းစဉ်များ အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး (MCCT) အစီအစဉ်တွင် အကျုံးဝင် အကျိုးခံစားခွင့် ရှိသူများ ပါရှိရမည့် ANC ကဒ်နှင့် ကလေးမွေးစာရင်း မှတ်တမ်းများ၊ AYA PAY Wallet နှင့်ပတ်သက်သည့် အချက်အလက်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်ဖြိုးအိကျော်နှင့် ဒေါ်ဇင်မာထွန်းတို့က ၂၀၂၁ခုနှစ်၊ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) အတွက် အကျုံးဝင်သော အကျိုးခံစားခွင့်ရှိသူအဟောင်းများအား Update ပြုလုပ်ခြင်း၊ ကိုယ်ဝန်ဆောင်အသစ် စာရင်းများအား ကောက်ယူ ရရှိနိုင်ရေး ထပ်ဆင့်လက်တွေ့ရှင်းလင်း ပြောကြားခဲ့သည်။

သင်တန်းတွင် ရပ်ကွက်/ကျေးရွာအုပ်စ (၇၀) မှ စာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အမျိုးသမီးရေးရာ အဖွဲ့များအား သင်တန်း(၂)ရက်တာ သင်ကြားပို့ချ‌ ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)