တောင်ကြီး ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (Mini Budget) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် မြို့နယ် အတွင်းရှိ ရပ်ကွက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်အတွင်းရှိ (ပန်းတင်လမ်း၊ အေးစေတီလမ်းဆုံမှ ငွေစန္ဒာလမ်း) အထိ လမ်းနယ်ချဲ့ခြင်း၊ ကတ္တရာခင်းခြင်း၊ ရေမြောင်းချဲ့ခြင်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ရေအေးကွင်း ရပ်ကွက်အတွင်းရှိ ပန်းသစ္စာလမ်း၊ လမ်းနယ်ချဲ့ခြင်း၊ ကတ္တရာခင်းခြင်း၊ ရေမြောင်းချဲ့ခြင်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေး ရန်ပုံငွေမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)