လိပ်သို ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ရော်ဘာစိုက်ပျိုးသောကျေးရွာများတွင် ယခုအခါ အစေးလှီးခြင်းနှင့် ရော် ဘာပြားများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အဆက်မပြတ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ရရှိလာသောရော်ဘာပြားများကို မိမိတို့ကျေးရွာရှိ ဝယ်ယူသူများ၊ တောင်ငူမြို့ရှိ ရော်ဘာအဝယ်ဒိုင်များသို့ ပို့ဆောင်ရောင်းချလျက်ရှိပြီး ရော်ဘာပြားအရည်အသွေးပေါ်မူတည်၍ တစ်ပေါင်ကို ကျပ် ၈၅၀ မှ ကျပ် ၁၁၀၀ ခန့် အထိဈေးရရှိရာ ရော်ဘာစိုက်ပျိုးသူတောင်သူများနှင့် အစေးလှီးထုတ်လုပ်ပေးသူများ စားဝတ်နေရေး အဆင်ပြေလျှက်ရှိကြောင်း သိရသည်။
ယခင်နှစ်များက ရော်ဘာတစ်ပေါင်ကို ကျပ် ၆၀၀ မှ ကျပ် ၇၀၀ခန့်သာ ရရှိခဲ့သောကြောင့် စိုက်ပျိုးသူတောင်သူများနှင့် လုပ်သား များ အဆင်မပြေဖြစ်ခဲ့ရပြီး အချို့ရော်ဘာစိုက်တောင်သူများမှာ အစေးလှီးထုတ်လုပ်ခြင်းလုပ်ငန်းများကို ရပ်နားထားခဲ့ရာမှ ယခုနှစ်တွင် ခြံပိုင်ရှင်များ အားလုံးနီးပါး ပြန်လည်၍ လုပ်ကိုင်လာကြကြောင်း တောင်သူများထံမှ သိရသည်။
မြို့ (ပြန်/ဆက်)