ပြာသိုလပြည့်နေ့ ညနေပိုင်းတွင် မုဒုံမြို့နယ်ရှိ ဘင်လှိုင်ဘုရားသို့ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

မုဒုံ  ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကော့ခပုံကျေးရွာရှိ သမိုင်းဝင် ဘင်လှိုင်ရွှေဆံတော်ဘုရား (မြင်းနှစ်ကောင်)တွင် ပြာသိုလပြည့် ညနေပိုင်းက ဘုရားဖူးပြည်သူများ၊ ကုသိုလ်အလှူ ပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

ပြာသိုလပြည့်နေ့သည် တနင်္ဂနွေရုံးပိတ်ရက်နှင့် တိုက်ဆိုင်သဖြင့် ရပ်နီးရပ်ဝေးမှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများနှင့် အနယ်နယ် အရပ်ရပ်မှ ခရီးသွား ဧည့်သည်များ ဘင်လှိုင်ဘုရားဝင်းအတွင်း ပန်းပုလက်မှုပညာဖြင့် ထုလုပ်ထားသော ရုပ်တုများ၊ ရှေးဟောင်း ပစ္စည်းများနှင့် ဗုဒ္ဓပြတိုက်သို့ လာရောက် လေ့လာသူများဖြင့် စည်ကားကြောင်း သိရသည်။

ဘုရားပရိဝုဏ်အတွင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းကြောင့် ဘုရားဖူးလာ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့်ပန်း ရေချမ်း၊ ဆီမီး ထွန်းညှိပူဇော် ကုသိုလ်ပြုကြကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)