မင်းလှမြို့နယ်၌ သောက်သုံးရေဖူလုံမှုရရှိစေရန် ရေစုကန်တည်ဆောက်နေသည့် မြေနေရာအား မြေသန့်မင်္ဂလာ ကျင်းပ

အထက်မင်းလှ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သောက်သုံးရေ ဖူလုံမှုရှိစေရန်အတွက် ကျောက်မှော် ကျောင်းအနီး မြင်ကျတောင်မှဂါလံ (၅၀၀၀၀)ဆံ့ ရေစုကန်သို့ ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေစုကန် ပြုလုပ်သည့်နေရာအား မြေသန့်မင်္ဂလာ ပရိတ်တရားတော်ရွတ်ဖတ် ပူဇော်ပွဲကိုယမန်နေ့နံနက် နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

မင်းလှမြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေဖြင့် မြို့နယ်အတွင်း သောက်သုံးရေ ဖူလုံမှုရှိစေရန်အတွက် ကျောက်မှော်ကျောင်းအနီး မြင်ကျတောင်မှဂါလံ (၅၀၀၀၀)ဆံ့ ရေစုကန်သို့ ရေပိုက်လိုင်းသွယ်တန်းရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၆ လတွင်     မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေရန်ပုံငွေစာရင်း(GRF)မှ ခွင့်ပြုရန်ပုံငွေ ချထားပေးခြင်းဖြစ်ပြီး ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့်ရေစုကန်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါရေပိုက်လိုင်း သွယ်တန်းခြင်းနှင့်ရေစုကန်ပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)