သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

သံတောင်ကြီး ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌  မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန် ၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း Maskကို စနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ရန် ၊ လက်ကို မကြာခဏဆေးရန် ၊လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း နှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်းမပြုလုပ်ရန်၊ လေဝင်လေ ထွက် ကောင်းသောအခန်း၌ သာနေထိုင်ရန် ၊ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာ ရေးဌာနသို့ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို ၊ နှလုံး ၊ သွေးတိုးရှိသူများကို ကူးစက်ခံရပါက ဝေဒနာပြင်း ထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့်  ပူးပေါင်းပါဝင်လိုက်နာကြစေရန်အတွက် တိုက်တွန်း အသိပညပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)