ကျိုက်လတ် ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါအကြောင်း သိရှိစေရန် ရည်ရွယ်၍ အိုမီခရွန်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေး Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဗိုင်းရပ်အသစ် တွေ့ရှိကြောင်း WHO ၏ကြေညာချက်၊ အိုမီခရွန်ရောဂါ လက္ခဏာများ၊ အိုမီခရွန်၏ ထူးခြားချက်များ ဆွေးနွေးပြောကြားပြီး၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်ဝင်းပပအောင်က ရောဂါကူးစက်မခံရရေး မိမိကိုယ် ကာကွယ်ရမည့်အချက်များ ဆွေးနွေးပြောကြားခဲ့သည်။
ကျိုက်လတ်မြို့နယ်ရုံး၏ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်လမ်းများနှင့်အညီ အသိပညာပေး Talk Show ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ နံရံကပ်စာစောင်ပြပွဲ စာအုပ်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးဌေးလှိုင်