အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် အိမ်ထောင်စု(၁၁၀၂)စု အကျိုးပြုသည့် ဆည်ထိပ်ထန်းတောရပ်ကွက်အတွင်းရှိ ရပ်ကွက်အလယ်လမ်းမကြီးအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူကာ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Jan 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျေးရွာတွင် တောင်သူများ မိမိနေအိမ် ခြံဝင်းအတွင်း တိုင်ထောင်ပဲများ တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ မိသာစုအပိုဝင်ငွေများ ရရှိ၍  စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jan 18,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်ကွက်များအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးဌာနမှ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများ လျာထားဆောင်ရွက်လျက်ရှိရာ အမှတ် (၄) ရပ်ကွက် မတ်တန်းရွာတွင်းလမ်း အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည့်အလျှောက် ဒေသအတွင်း ပေါများစွာထွက်ရှိသည့် အုန်းသီးများအား ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချခြင်းဖြင့် ဈေးကောင်း ရရှိလျက်ရှိသည်။
Jan 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း​ခေးခရိုင်၊ ကျိုင်းတောင်းမြို့နေ ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) Omicron ကူးစက်မှုမှ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ၀န်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က ​မြို့ပေါ်ရပ်ကွက်များသို့ Hand speaker ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမတွင် ပြည်သူများ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ အကြောင်းသိရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Jan 18,2022
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အသက် (၂၅) နှစ်​အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်​နေ့ ည​နေ ၃နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။