အမာ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမတွင် ပြည်သူများ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ အကြောင်းသိရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့ဦးစီးမှူး နော်လေးလီယန်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဗိုင်းရပ်အသစ်တွေ့ရှိကြောင်း WHO၏ကြေညာချက်၊ အိုမီခရွန် ရောဂါလက္ခဏာများ၊ အိုမီခရွန်၏ထူးခြားချက်များကို ဟောပြောခဲ့ပြီး အိုမီခရွန်ရောဂါအကြောင်း အသိပညာပေး နံရံကပ်စာစောင်ကို ကြည့်ရှုလေ့လာခဲ့ကြသည်။
အမာမြို့ရုံး၏လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အသိပညာပေးTalk Show ပွဲများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများကို လစဉ် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
အမာ ( ပြန်/ဆက်)