မိုင်းဖြတ်၌ မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အမျိုးသားအသက် (၂၅)နှစ်​အောက် ဘောလုံပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

မိုင်းဖြတ်  ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်​ရေးမှူးဖလား အသက် (၂၅) နှစ်​အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်​နေ့ ည​နေ ၃နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ​ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို united rkအသင်းနှင့် ကွက်သစ်လူငယ်(ခ)အသင်းတို့ ယဉ်ပြိုင်ကစားကြရာ united rk အသင်းက ကွက်သစ်လူငယ် (ခ)အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ  မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးညီညီ​အောင်၊ လူဝင်မှူကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး​ဌေး၊ ဒုတိယဦးစီးမှူး ဦးစည်သူ​​အောင်တို့က ပထမဆုရရှိသည့် united rk အသင်း၊ ဒုတိယဆုရရှိသည့် ကွက်သစ်လူငယ်(ခ)အသင်း၊ တတိယဆုရရှိသည့် မိုင်းဖြတ်လူမှု​ရေးကူညီမှုအသင်းနှင့် ပြိုင်ပွဲတစ်​လျှောက် အ​ကောင်းဆုံး ​အားကစား ဆုရရှိသူများကို  ဆုများတံဆိပ်မျာနှင့် ဒိုင်းဆုများကို အသီးသီး​ပေးအပ်ချီးမြင့်ခဲ့​ကြောင်း သိရသည်။

​သန်းထွန်း​အေး