Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းရယ်မြို့နယ် အထက(ခွဲ) ဟိုယတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ နှင့် နယ်လှည့်စာကြည့်တိုက်ပြုလုပ်
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံ ပညာအထက်တန်းကျောင်း (ခွဲ)(ဟိုယ)၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 18,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်းစက်ရုံ၀န်းရှိ ကိုဗစ် -၁၉ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉း၀၀)နာရီ အချိန်တွင်ရပ်ကွက်(၁၆)ရပ်ကွက်ရှိအသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအားပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး (Covidshield) ထိုးနှံသူစုစုပေါင်း(၃၃၀)ဦးနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinovac+Sinopharm) ထိုးနှံသူစုစုပေါင်း(၅၀၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း Mask တပ်ရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရ…
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်က ထန်းတပင်မြို့ စစ်တောင်း တံတားထိပ်အဝိုင်းပတ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များ တပ်၍ အိမ်အပြင်သို့ ထွက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင်၊လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ လူငယ်များအသင်း (Youth Club) နှင့် စာဖတ်ဝိုင်း ကျင်းပ
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမ ှကျောင်းသား လူငယ်များ အသိပညာဗဟုသုတ ပြည့်စုံစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြု တတ်စေရန်၊တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှု ရရှိစေရန်နှင့် အတွေးအမြင်များတိုးတက်မြင်မားစေရန်ရည်ရွယ်၍လူငယ်များအသင်း Youth Club ဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေလယ် (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးစာစောင်များပြသဆောင်ရွက်ထားရှိ
Jan 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွှဲပိုင်းက ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နှင့် ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများ၊ မသန်စွမ်းသူများ၏ အခွင့်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ပြသဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူခရိုင်အတွင်းရှိ မြို့နယ် (၆) မြို့နယ်တွင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်း ပြည့်ပြီးမြောက်
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Jan 18,2022
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22964
Page
22965
Page
22966
Page
22967
Current page
22968
Page
22969
Page
22970
Page
22971
Page
22972
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department