ကျောက်ဆည်မြို့တွင် အိမ်ထောင်စု(၁၁၀၂)စု အကျိုးပြုသည့် ဆည်ထိပ်ထန်းတော ရပ်ကွက် လမ်းအား ကတ္တရာထပ်ပိုးလွှာခင်း

ကျောက်ဆည်   ဇန်နဝါရီ   ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် အိမ်ထောင်စု(၁၁၀၂)စု အကျိုးပြုသည့် ဆည်ထိပ်ထန်းတောရပ်ကွက်အတွင်းရှိ ရပ်ကွက်အလယ်လမ်းမကြီးအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူကာ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ်(၆.၉၄၉)သန်း အကုန်အကျခံကာ အရှည်(၆၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်သဖြင့် အိမ်ထောင်စု(၁၁၀၂)စု၊ လူဦးရေ(၄၉၉၈)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာ လှပေစေရးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့တွင်းလမ်းများအားကတ္တရာ ထပ်ပိုးလွှာခင်းခြင်းများ၊ LED မီးလုံးများတပ်ဆင်ပေးခြင်း၊ ရေပေးဝေရေးလုပ်ငန်းများ ပြုပြင်ဆောင်ရွက်ခြင်းများ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)