ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း (အိုမီခရွန်) Omicron ရောဂါ အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်

ကျိုင်းတောင်း ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း​ခေးခရိုင်၊ ကျိုင်းတောင်းမြို့နေ ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) Omicron ကူးစက်မှုမှ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ၀န်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က ​မြို့ပေါ်ရပ်ကွက်များသို့ Hand speaker ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အသိပညာ‌ပေး လိုက်လံနှိုးဆော်ရာတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ ရောဂါကူးစက် ပြန့်ပွားမှုများ မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါ (အိုမီခရွန်) Omicron ကာကွယ်ရေးနည်းလမ်းများ အားလုံးကိုယ်စီ မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးအား ထိုးနှံကြရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ (face Shield) ကို တွဲဖက် တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့်နာတာရှည် ရောဂါဝေဒနာရှင်များရှိရာ နေအိမ်များသို့ ၀င်ထွက်သွားလာခြင်း ဂရုပြုရန်၊ လေ၀င်လေထွက် မကောင်းသော အခန်းများသို့ သွားလာခြင်းမှ ရှောင်ရှားရန်၊ လက်ကို ဆပ်ပြာနှင့်စက္ကန့် ၂၀ ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမ၀ယ်ကြရန်၊ ရောဂါကူးစက်ခံရသည်ဟု  သံသယရှိပါက၊  နီးစပ်ရာကျန်းမာရေးဌာန များသို့ သွားရောက်ဆက်သွယ်၍  မပျက်မကွက် ဆေးကုသမှု ခံယူကြရန်နှင့် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထား‌သော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများ ဆက်လက်လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် စဉ်ဆက်မပြတ် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ မိမိဌာနအစီအစဉ်ဖြင့်သော်လည်းကောင်း အပတ်စဉ် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)