နောင်ချို ဇန်နဝါရီ ၁၉ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းမျာက ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး သို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များကွင်းဆင်းဌားရမ်းပေးခဲ့သည်။
မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္ထုစာ အုပ်များနှင့် အသိပညာ ဗဟုသုများစွာရရှိမည့် စာအုပ်များစုံလင်စွာ ငှားရမ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ စာကြည့် တိုက်အသင်းဝင်(၅)ဦးအား သုတ(၄)အုပ်၊ ရသ(၈)အုပ် ငှားရမ်းပေးခဲ့သည်။ အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ် စာစောင်အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို (ပြန်/ဆက်)