ကဝ ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့ (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး၏ “လူငယ်တွေ စဉ်းစားဖို့ ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါသည်။
ရှေးဦးစွာကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာပေ ချစ်မြတ်နိုးသူအဖွဲ့ (Book Club)အဖွဲ့ဝင် ဦးဝဏ္ဏကျော်က “လူငယ်နှင့်ရွေးချယ်မှု” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)