အမြို့မြို့အနယ်နယ်သတင်းများ

Jan 24,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဗိုလ်ချုပ်အထိမ်းအမှတ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 24,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက  သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လူတိုင်းပါ၀င်ဆောင်ရွက်ပေး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
Jan 24,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မန်စံကျေးရွာ အုပ်စု အတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တိုင်းရင်းသားပြည်သူများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအုပ်စု၊ မိုင်းမုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေး ဦးစီးဌာနတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများကဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုး ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး ကြိုတင်ကာကွယ်သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေးနှိုးဆော်ကြေညာခြင်းကို ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက်(၉) နာရီ အချိန်က Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက် အချို့တွင် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ရုံး Community Centre ၌ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၁)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
Jan 24,2022
မကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ တောင်သူများပူးပေါင်းပြီး ပဲစင်းငုံသီးညှပ် စံကွက်များစတင် ရိတ်သိမ်းလျက်ရှိသည်။နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံအများဆုံးစိုက်ပျိုးပြီး ပဲမျိုးစုံစိုက်ဧကနှင့် အထွက်နှုန်း တိုးတက်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပဲမျိုးစုံအနက်မှ ပဲစင်းငုံသီးညှပ် သီးသန့်နေဖြင့် ဧက (၃၃၀၀၀) ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။