ပန်းခင်းစီမံချက်ဖြင့် မိုင်းမုကျေးရွာအုပ်စုရှိ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကျေးရွာအရောက် ကွင်းဆင်းပေးအပ်

နမ္မတူ ဇန်နဝါရီ ၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မန်စံကျေးရွာ အုပ်စု အတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တိုင်းရင်းသားပြည်သူများအား အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအုပ်စု၊ မိုင်းမုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှက မိုင်းမုကျေးရွာအုပ်စုရှိ တိုင်းရင်းသားပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထပ်မံရရှိစေရေးတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ် (၄)မျိုး၊ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင် နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းပြောကြားပြီး ပန်ခင်း စီမံချက်ဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင် (၁၅၀)စောင်အား အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးစိုင်းထွန်းလှနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ဆန်းမြင့်တို့က မိုင်းမုကျေးရွာ အုပ်စု၊ မိုင်မုကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ထားသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၈၁) ကတ်အား ဒေသခံတိုင်းရင်းသား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ တိုင်းရင်းသားပြည်သူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင် နိုင်ရေးအတွက်  နမ္မတူမြို့နယ်၊ မိုင်မုကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူ   နိုင်-၃(က) လျှောက်ထားသူ (၉)ဦး၊ နိုင်-၆ (က) လျှောက်ထားသူ (၅)ဦး၊ နိုင်ငံသားစိစစ်ရေး လဲလှယ်သူ (၁၂)ဦး၊ စုစုပေါင်း (၂၆) ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတည်ပြုလက်ခံ ဆောင်ရွက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။

လူမော် (ပြန်/ဆက်)