Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရမ်းဗြဲမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် လူထုအခြပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် ကျင်းပ
Jan 24,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ရုံးဝန်ထမ်းများ ဗဟုသုတတိုးပွားပြီး စာအုပ်စာပေများ လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရုံးတွင်းစာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်၊ လက်ရက်ကန်းနှင့် သဘာဝဆိုးဆေး သင်တန်းအားတက်ရောက်ဖွင့်လှစ်ပေး
Jan 24,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင် တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သော ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်(၁)နှစ်သင်တန်း၊ လက်ရက်ကန်းနှင့် သဘာဝဆိုးဆေး (၆)လသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၁ဝ နာရီက အဆိုပါ သင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင် ရေးစင်တာတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က တက်ရောက်ဖွင့် လှစ်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်း တွင် ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးစိတ်သစ်အိုမီခရွန်သတိပြုကာကွယ်ရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်
Jan 24,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့ တွေ့ရှိမှုနှုန်း မရှိစေရန်နှင့် မျိုးရိုး ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်ပိုး သတိပြုကာကွယ်ရေးနှင့် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး စဉ်ဆက်မပြတ် အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဝါတိုးအနောက်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၈နာရီခွဲက ဝါတိုးအနောက် ရပ်ကွက်ကြီးအတွင်း လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ ငွေပေးအပ်
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့ မှစတင်၍ ချောက်မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွား(၁၀၆၅)ဦးထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ရာ ယနေ့တွင် ထောက်ပံ့ငွေအားလုံး ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
Jan 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများစာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့်အသိပညာပေးအစီအစဉ်များကိုစဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဆုပြည့်စုံထွန်း စာပေမှရေးသားထုတ်ဝေသော၏ “ စဉ်းစားဉာဏ်နည်းသောယုန်သူငယ် ” ခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျေးရွာအုပ်စု ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၂၄၄)ဦးအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၂၄၄)ဦးအား ယနေ့နံနက်ပိုင်း (၈)နာရီခွဲအချိန်က ကြံခင်းမြို့နယ် သာသနာ့ဗိမာန် ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) (ဒုတိယ)အကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22894
Page
22895
Page
22896
Page
22897
Current page
22898
Page
22899
Page
22900
Page
22901
Page
22902
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department