ဖာပွန် ဇန်နဝါရီ ၂၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လူတိုင်းပါ၀င်ဆောင်ရွက်ပေး အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် သဘာ၀ဘေးအန္တရာယ်ဖြစ်သော မီးဘေး၊ ရေဘေး၊ ရေကြီးဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေးစသည့် သဘာ၀ဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်များမဖြစ်ပေါ်မီ ကြိုတင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဖြစ်ပေါ်နေချိန်နှင့် ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့်နည်းလမ်းများ စသည့် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်