Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၃)ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 20,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (COVIDSHIELD) ကာကွယ်ဆေး ထိုးနှံသူ ရပ်ကွက်(၃)ရပ်ကွက်မှ ကျား(၃၇)ဦးနှင့် မ(၄၀)ဦး စုစုပေါင်း(၇၇)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 20,2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ကျဆင်းလာချိန်တွင် မိမိတို့နိုင်ငံအတွင်းသို့ မျိုးဗီဇပြောင်း ရောဂါပိုးများ ထပ်မံဝင်ရောက်လာခြင်းကြောင့် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက် မလာစေရေးနှင့် ရောဂါဖြစ်ပွားမှု နောက်ထပ်လှိုင်း တစ်လှိုင်းအဖြစ် ကြီးမားပြင်းထန်စွာ မဖြစ်ပွား စေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာက ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်လင်းရာသီ၌ တနိုင်တပိုင် နှီးခမောက်လက်မှုလုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
Jan 20,2022
မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာမှ မိရိုးဖလာလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် နှီးခမောက် ယက်လုပ်ခြင်း လုပ်ငန်းမှာ ယခုပွင့်လင်းရာသီ၌ ဝယ်ယူအသုံးပြု သူပိုမိုများပြား လာသောကြောင့် မိသားစု အပိုဝင်ငွေရရှိပြီး စားဝတ်နေရေး အထောက်အပံ့ဖြစ်ကာ အဆင်ပြေကြကြောင်း နှီးခမောက်ယက် လုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်အရသိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို) စာအုပ်/ စာစောင်ပြပွဲကျင်းပ
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို) စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့နယ်တွင် စုရပ်သုံးခု၌ ပြည်သူ ၉၁၂ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်သူများအား ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကွန်းချောင်း ကျေးရွာအုပ်စု ဘက်စုံသုံးခန်းမ၊ မိုးလုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် ရမ်းဘိုကျေးရွာ အုပ်စု ဘက်စုံသုံးခန်းမစသည့် စုရပ်ရပ်သုံးခုတို့တွင် ပြည်သူ ၉၁၂ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ် ဖောင်စိန်ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းဆောင်ရွက်
Jan 20,2022
ဒေသခံပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်လိုသူများ ကိုမွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၌ မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့"ပန်းခင်း စီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းမှစ၍ အဆိုပါ ရပ်ကွက်ရုံးတွင် နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများနှင့် ၁၈ နှစ်အထက် ပထမအကြိမ်ထိုးရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံ
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများနှင့် ၁၈နှစ်အထက် ပထမအကြိမ် ထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ် (၄)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက် ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့တွင် ကွန်ကရစ်ပစ္စည်းများ တပိုင်တနိုင် ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေ
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ စျေးရပ်ကွက်တွင် ကွန်ကရစ် ပစ္စည်းများ တပိုင်တနိုင် ပြုလုပ် ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22901
Page
22902
Page
22903
Page
22904
Current page
22905
Page
22906
Page
22907
Page
22908
Page
22909
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department