ကြံခင်း ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၂၄၄)ဦးအား ယနေ့နံနက်ပိုင်း (၈)နာရီခွဲအချိန်က ကြံခင်းမြို့နယ် သာသနာ့ဗိမာန် ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) (ဒုတိယ)အကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၂၄၄)ဦးအား (ဒုတိယ)အကြိမ် ကာကွယ်ဆေး (Sinovac ) ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ် ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့ စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။
မိုးမိုး