Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လှိုင်းဘွဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း ပိုးကရင်၊ မြန်မာဘာသာစကားတို့ဖြင့် ရပ်ကွက်မျာ…
Jan 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာစကားတို့ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်မျိုးကွဲ အိုမီခရွန် (Omicron) အကြောင်း အများပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စာဖတ်သူများထံသို့ စာအုပ်များအရောက်ကွင်းဆင်းငှားရမ်းပေး
Jan 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာ စေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော စာဖတ်ဝါသနာရှင်များ စာပေကို လွယ်လင့်တကူ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် Mobile Library စနစ်ဖြင့် စာဖတ်သူများထံသို့ စာအုပ်များအရောက် ကွင်းဆင်းငှားရမ်းပေးခြင်းကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများအား သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တု စသည့် စာအုပ်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲအခမ်းနား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်…
Jan 24,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့က ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ပဲကြီးကျွန်းကျေးရွာရှိ တောင်သူဦးသိန်းစိုး ပိုင်ဆိုင်သောကိုင်းကွင်းအတွင်း ပြုလုပ်ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်မှ အမျိုးသား လျှပ်စစ်ဓါတ် အားရရှိရေးစီမံကိန်း (NEP-Mini Grid)လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ Mega Global Green Automation Co.ltd(MGGA)မှ Project မန်နေဂျာ ဦးထွန်းဦးကျော်မှ ပဲကြီးကျွန်းကျေးရွာ Solar Mini Grid မီးလင်းရေး ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ကျေးရွာနေပြည်သူလူထုကိုယ်စား မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ
Jan 24,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွာလာစေရန် အတွေးအခေါ် အသိအမြင်များ အချင်းချင်းဖလှယ် တတ်စေရန်၊ စာပေမှရရှိသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ “ ပန်းလိုချင်အပင်ပျိုးတတ်မှ” စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနည်းလမ်း အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 24,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြည်သူများအနေဖြင့် သိသင့်သိထိုက်သည့်အကြောင်းအရာများ၊ နေ့ထူးနေ့မြတ်များ၊ အသိပေးကြေညာချက်စသည့် အသိပညာပေး နံရံကပ် စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လျှပ်စစ်အန္တရာယ်နှင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်း အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင် စင်များ(ပထမအကြိမ်) လေလံတင်ရောင်းချ
Jan 24,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ(ပထမအကြိမ်) လေလံတင်ရောင်းချခြင်းကို သီရိရတနာခန်းမ၌ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အပန်းဖြေ လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်း၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jan 24,2022
ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ လာရောက်ဖတ်ရှု့ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ဝါသနာရှင်များ၊ ဌာနဆိုင်ရာများအား စာအုပ်စာစောင် ဖတ်ရှုလေ့လာနိုင်ရန် ပိုမို အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် များ ငှားရမ်းပေးမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22893
Page
22894
Page
22895
Page
22896
Current page
22897
Page
22898
Page
22899
Page
22900
Page
22901
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department