ချောက် ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့ မှစတင်၍ ချောက်မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွား(၁၀၆၅)ဦးထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ရာ ယနေ့တွင် ထောက်ပံ့ငွေအားလုံး ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျုံးဝင်သည့် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား တစ်လလျှင်ကျပ် ၁၀၀၀ဝိ/- နှုန်းဖြင့် (၃)လစာ အတွက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝိ/-နှုန်းဖြင့် ချောက်မြို့နယ်အတွင်း ရပ်ကွက်(၂၀)၊ကျေးရွာ အုပ်စု(၅၁)အုပ်စု မှ ဘိုးဘွား(၁၀၆၅)ဦး အတွက်စုစုပေါင်းငွေကျပ် (၃၁၉၅၀၀၀၀ိ/-)တိတိအား ထောက်ပံ့ပေးခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)