ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျွန်းလှ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား မြို့နယ် ပြည်သူ့ဆေးရုံနှင့် ကျေးရွာအုပ်စု ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် သံဃာတော်များ၊ သီလရှင်များ၊ ဦးတည်အုပ်စု၌ ပါဝင်သူများ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ၊ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ ၉၆၇၄ ဦး၊ ပထမအကြိမ် ထိုးနှံပြီးသူ ၁၁၃၈ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၉၇၀ ဦး ထိုးနှံပြီးဖြစ်ကြောင်း၊ ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ် ဆရာဝန်ကြီး တို့ကကြီးကြပ်ပြီး မြို့နယ်အထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ