Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အမျိုးသားအမျိုးသမီး ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့အမှတ်(၄)နယ်မြေကိုးသိန်းမိုးလုံလေလုံအားကစားရုံတွင်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၆)ခရိုင်အမျိုးသား/အမျိုးသမီးရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Jan 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂) သင်တန်း တက်ရောက်နေသော သင်တန်းသူများအား ယမန်နေ့က အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်
Jan 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် တာဝန်ကျ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိ ပညာပေး Mask Campaign ပြုလုပ်ခြင်းကို ပဲခူး-ကဝလမ်းမကြီး အမှတ် (၂)ရပ်ကွက် တံတားကြီးလမ်းထိပ်၌ ယနေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် ဓာတ်ပုံပြပွဲပြုလုပ်
Jan 25,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ်အကြိုအဖြစ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘော့မြို့နယ်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jan 25,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေချစ်မြတ်နိုးသူများ စာပေမှအသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးထားသည့် "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ"စာအုပ် စာဖတ်ဝိုင်းကို ဇန်နဝါရီ(၂၅)ရက် နေ့လည်(၁၂)နာရီက မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးခရိုင် Community Centre တွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jan 25,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ အမက (မူလွန်)-၂၀ ကျောင်းတို့ ပူးပေါင်းကျင်းပသော ဆေးရောင်ခြယ်ပြိုင်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက မြို့မဈေးနှင့် မြို့ပေါ်ရပ် ကွက်များအတွင်း လှည့်လည် ကြေညာခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့တွင်အသက်(၁၈)နှစ်အထက်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးသူ ပေါင်း(၆၉၄၇)ဦး ရှိလာပြီဖြစ်
Jan 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ်ကို ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူပေါင်း (၆၉၄၇) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးကြောင်း သရက်ချောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22872
Page
22873
Page
22874
Page
22875
Current page
22876
Page
22877
Page
22878
Page
22879
Page
22880
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department