ကဝ ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု ဖြင့် တာဝန်ကျ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ပဲခူး-ကဝလမ်းမကြီး အမှတ် (၂)ရပ်ကွက် တံတားကြီးလမ်းထိပ်၌ ယနေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့တာဝန်ကျ ဌာနဆိုင်ရာများက မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်နှင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိ ပညာပေး ပြောကြားပြီး ပါးစပ်နှင့် နှာခေါင်းစည်း Mask မတပ်သူများကို ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ကျနေသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် လူစည်ကား ရာနေရာများတွင် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ဌာန ဆိုင်ရာများအား အဖွဲ့(၅)ဖွဲ့ ဖွဲ့၍ နေ့စဉ်အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)