ပုသိမ် ဇန္နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့အမှတ်(၄)နယ်မြေကိုးသိန်းမိုးလုံလေလုံအားကစားရုံတွင်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၆)ခရိုင်အမျိုးသား/အမျိုးသမီးရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အလေးပြုခံ စင်မြင့်တွင် တက်ရောက်အလေးပြု ခံပြီး အမှာစကားပြောကြားကာ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။ အားကစားအသင်းများမှ သစ္စာဓိဌာန် (၄) ချက်သီဆိုခဲ့ကြပြီး၊ ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံလက်ရွေးစင်ရိုးရာခြင်းလုံးအားကစားသမားများမှ အလှခတ်စွမ်းရည်ပြသမှုများနှင့်မြောင်းမြခရိုင်မှအမျိုးသား/အမျိုးသမီးအသင်းနှင့်ပုသိမ်ခရိုင်အသင်းတို့မှစတင်ယှဉ်ပြိုင်ခဲ့မှုများကိုတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှုးနှင့်တာဝန်ရှိသူများမှကြည့်ရှုအားပေးခဲ့ကြကြောင်းသတင်းရရှိသည်။