ကသာမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကသာ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်() သင်တန်း တက်ရောက်နေသော သင်တန်းသူများအား ယမန်နေ့က အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကသာခရိုင် မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးရဲနိုင်ကမူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများ၊ ခရိုင်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒု ရဲမှူး သိန်းထိုက်စိုးကယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်၊ ခရိုင်အကူတပ်ခွဲမှ ရဲမှူး သိန်းသန်းစော ကလူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ မြို့နယ်ဥပဒေအရာရှိ ဦးဖြိုးဝေအောင်ကလူကုန်ကူးခြင်းဆိုင်ရာ ဥပဒေများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးမြင့်ကနိုင်ငံသားစိစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့် အသုံးဝင်ပုံများစသည့် အကြောင်းအရာများကို အသီးသီးဟောပြောခဲ့သည်။

ထို့နောက် ကသာခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော် ကပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာများနှင့် ခရိုင်ပြည်သူ့ကျန်းမာရေး မိခင်နှင့်ကလေးဌာနမှ ဒေါ်စန္ဒာဆွေကအာဟာရတန်ဖိုးစသည့် ခေါင်းစဉ်များဖြင့် အသီးသီး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)