မချမ်းဘော့မြို့နယ်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မချမ်းဘော့  ဇန်နဝါရီ  ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေချစ်မြတ်နိုးသူများ စာပေမှအသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးထားသည့် "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ"စာအုပ်  စာဖတ်ဝိုင်းကို ဇန်နဝါရီ(၂၅)ရက် နေ့လည်(၁၂)နာရီက မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူးဒေါဖုန်ကူးခါ့မိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦး ဆင်ဆားရ်က  ပန်းလိုချင် အပင်ကို ပျိုးတတ်မှ ခေါင်းစဉ်ဖြင့်စတင်ကာ ပန်းလှလှလို ရလိုလျှင် ဥယျာဉ်မှူးကောင်းဖြစ်ရန်လို၏။ ထိုနည်းတူ သား‌ေကာင်းသမီးကောင်းရလုိလျှင်မိမိကုိယ်တိုင်လည်းပဲ မိဘကောင်းဖြစ်ရန်လိုအပ်ကြောင်းဆွေးနွေး၍ မိဘနှင့်ဥယျာဉ်မှူး၊မိဘ‌ေလာင်းတုိ့‌ေရှာင်ကြဉ်ရန်၊က‌ေလးနှင့်အာဟာရ နှင့် မိဘ၏ ဆန္ဒနှင့်ကလေး၏သဘာဝ စသည်အ‌ေကြာင်းအရာများကုိ‌ေဆွး‌ေနွးပြီး ဦးဝဒမ်းခေါင်ဆင်ကကလေးကို ရိုက်သင့်မရိုက်သင့် ခေါင်းစဉ် မှ မိခင်တိုင်းသည် လိမ္မာသော သားသမီးကို လိုချင်ကြ၏။ လိမ္မာအောင်လည်း နည်းအမျိုးမျိုးဖြင့် ပုံသွင်းကြ၊ ဆုံးမပြုပြင်တယ် ထိုသို့ ပြုမူရာ၌ အမှန်အမှား သတိပြုစရာ များလှပြီး လှစေလိုလို့ သွားချောင်တိုက်ရေစီးကမ်းပြိုလိုက် ဆိုသလိုပဲ ကောင်းစေချင်သော စေတနာဖြင့် ဆုံးမကာမှ ဆုံးမပုံ စနစ်မကျ၍ ပိုဆိုးသွားရသည်များ ရှိကြောင်း။ မှားယွင်းသောအယူအဆ၊ ဦးကြီး၏ဆုံးမနည်း ၊ မဘနှင့်သားသမီး၊ လက်လွတ်စပယ်မရုိက်သင့် ၊ နေရာတိုင်းမှာလည်း အလိုလိုက်ရန်မဟုတ်နှင့် ဒေါသဖြင့် မရိုက်သင့်ကြောင်း၊ အသီးသီးဆွေးနွေး ခဲ့ကြောင်း သိရသည်။
မချမ်းဘော့(ပြန်/ဆက် )