သရက်ချောင်း ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ်ကို ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူပေါင်း (၆၉၄၇) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးကြောင်း သရက်ချောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို သရက်ချောင်းမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်ထုတ်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေး၀န်ထမ်းများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေး အသင်းဖွဲ့များ ပူးပေါင်းပါ၀င် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေးနွယ်၀င်း