မြို့သစ် ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ်အကြိုအဖြစ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးချုပ်မှပေးပို့သည့် သုတ /ရသစာအုပ်များ၊ မဂ္ဂဇင်းနှင့် ရုပ်ပြစာအုပ်များကို ပြသဆောင်ရွက်ခဲ့ပြီး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ ကျောင်းသားဘဝ မှတ်တမ်းပုံများနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာ များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)