မိုင်းယု ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိစေ ရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့မှ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးခြင်းကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် နေ့လယ်ပိုင်း ဖွင့်လှစ်ရောင်းချသည့် ဈေးဆိုင်များ စစ်ဆေးမှုကြီးကြပ်ရေး အဖွဲ့ဝင်များဖြစ်သည့် ထွေ/အုပ်၊ စည်ပင်၊ ရဲတပ်ဖွဲ့၊ ပြန်/ဆက်၊ ကျန်းမာရေး၊ မီးသတ်၊ မွေး/ကုနှင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်၍ အများပြည်သူသွားလာကြသည့် ကုန်စုံဆိုင်၊ ဈေးဆိုင်၊ စားသောက်ဆိုင်နှင့် ကွမ်းယာဆိုင်များအား ဆိုင်ရှေ့ ခြောက်ပေအကွာ ကြိုးတန်း၍ အဝင်ဝတွင် လက်ဆေးရည် (Hand Gel) များ ထားရှိစေရေး၊ ဈေးဝယ်သူနှင့် ရောင်းသူများအနေဖြင့် နှာခေါင်းစည်း (Mask)တပ်ဆင်၍ ခြောက်ပေအကွာတွင် ပြောဆိုကာ ဈေးဝယ်/ရောင်းချ ပြုလုပ်စေရေး၊ လူစုလူဝေးမဖြစ် စေရေးတို့ကို လိုက်လံစစ်ဆေးခဲ့ကြပြီး ဗီဇပြောင်း အိုမီခရွန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။
မိုင်းယုမြို့တွင် ဈေးဆိုင်များ ဖွင့်လှစ်ခြင်း၊ ဈေးဝယ်ခြင်းနှင့် သွားလာမှုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်ထားမှုရှိ/မရှိကို တာဝန်ရှိသူများက အပတ်စဉ် ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိပြီး လိုက်နာမှုမရှိပါက သတိပေးအရေးယူမှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
အားချာ၊ ကိုကိုနိုင်