ကရသူရိမြို့၊ ကမ်းတောကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လက်ဆက်ထိုးနှံပေး

ကရသူရိ ဇန်နဝါရီလ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကမ်းတောကျေးရွာ၌  အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သက်ဆိုင်ရာအဖွဲ့ များဖြင့် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ရပ်/စာရေးတို့က ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့် ပြည်သူများ၊ ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသူများကို   သွားရောက် ထိုးနှံပေးခြင်းဖြစ်ရာ ထိုသို့ထိုးနှံရာတွင်  ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှင့်  မျိုးကွဲသစ် အိုမီခရွန် ကိုဗစ်-၁၉ ရောဂါအကြောင်းကိုလည်း ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

 

ကရသူရိ(ပြန်/ဆက်)