စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ဆဌမအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံပေး

စဉ့်ကိုင်  ဇန်နဝါရီ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှ အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆဌမအသုတ်(ပထမကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ(ပြည်သူ့ကျန်းမာ)က ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ  ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ် ဆေးဆက်လက်ထိုးနှံပေးလျက်ရှိသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ   ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်  Omicron   အပါအဝင်  ကိုဗစ်-၁၉   မျိုးရိုးဗီဇပြောင်း   ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်နှင့်   ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက်   သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ကြီးကြပ် ၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး   ပြည်သူများသိရှိလိုက်နာစေရန်၊   အသံချဲ့စက်များ  ၊ HandSpaker များ ဖြင့် လှည့်လည်ပြီး   အသိပညာပေးနှိုးဆော်ခြင်း ရပ်ကွက်/ကျေးရွာများ အတွင်းဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာပေးလုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိရာ  စဉ့်ကိုင်မြို့နယ်တွင် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူဦးရေ (၈၉၄၄၀)ဦးဖြစ်ပြီးကာကွယ်ဆေးထိုးနှံပြီးသူ First Dose  ( ၆၀၃၉၇ ) ဦးနှင့် Second Dose  ( ၅၀၀၄၉) ဦးထိုးနှံခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၇.၅၃ ရာခိုင်နှုန်းထိုးနှံပြီးဖြစ်ရာ  ကျန်ရှိသူများကိုလည်း သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

ညိုညိုဝင်း(စဉ့်ကိုင်)