မန်တုံ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ်အဖြစ် ( Fitness Dance ) အကများကို အွန်လိုင်းမှ ထုတ်လွှင့်ရန် ရိုက်ကူးခဲ့ပသည်။
အဆိုပါ ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့် (Fitness Dance)အကသည် ကျန်းမာရေးအတွက် အထောက် အကူဖြစ်သည့် ကိုယ်လက်လှုပ်ရှား အားကစားနည်းဖြစ်သည့်အတွက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်းပြည်သူများ၊ လူငယ်လူရွယ်များ၊ ကျောင်းသားလူငယ်များ ကျန်းမာရေး အလေးထားဂရုပြုစေန်နှင့် မိမိတို့အိမ်၌ ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်းများကိုပါ လိုက်ပါဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ စီစဉ်ရိုက်ကူးခြင်းဖြစ်ပြီး အွန်လိုင်မှတဆင့် လွှင့်တင်ပေးသွားမည်ဖြစ်သည်။
မန်တုံ(ပြန်/ဆက်)