နမ္မတူတွင် ကိုဗစ်-၁၉ရောဂါ မျိူးကွဲသစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး (Hand Speaker) ဖြင့် အသိပညာပေးဆောင်ရွက်

နမ္မတူ  ဇန်နဝါရီ  ၂

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိူးကွဲသစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ် ကာကွယ်ဆေးထိုးနှံနိုင်ရေး (Hand Speaker)ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နမ္မတူ ရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါမျိူးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နမ္မတူမြို့နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမဖြစ်မနေ မိမိအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ လာသောဧည့်သည်များကို လက်မခံရန်၊ မိမိတို့မှလည်း သူတစ်ပါးအိမ်သို့ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်၍ ၆ပေအကွာမှ ခပ်ခွာခွာနေရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေး ပြုလုပ်သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ မိမိတို့ နေအိမ်များအား လေဝင်လေထွက်ကောင်းစေရန်အတွက် ပြူတင်းတံခါးများဖွင့်ထားရန်၊ နေအိမ်ပြင်ပက ပြန်လာပြီးတိုင်း လုပ်ဆောင်ရမည့်နည်းလမ်းများ၊ မိမိကိုယ်ကို သံသယလက္ခဏာ တစ်စုံတစ်ရာခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာန၌ စစ်ဆေးကုသမှုခံယူရန်စသည်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့်အညီ နေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသား ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရေး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။        

လူမော်