မော်လမြိုင် ဇန်နဝါရီ ၂၆
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက စာအုပ်၊ စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)မှ သင်တန်းသူများ လာရောက် ဖတ်ရှုကြကြောင်း သိရသည်။
စာအုပ်၊စာစောင်များ ပြသပေးရာတွင် အတွေးအခေါ်မြင့်မားပြီး ဘဝတွက်ခွန်အားဖြစ်စေမည့် သုတစာပေများ၊ ကျန်းမာရေးနှင့်ဆိုင်သည့် စာပေများနှင့် ဘဝအောင်မြင်ရေးစာပေများကို ရွေးချယ်ခင်းကျင်း ပြသပေးခဲ့ရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ဖတ်ရှုကြသည်။
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ် လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)