ဘူးသီးတောင် ဇန်နာဝါရီ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ ၂၀၂၂ ခုနှစ်၊ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆောင်းရာသီဖိတ်ခေါ်ဖလား အလွတ်တန်း အမျိုးသား ဘော်လီဘောပြိုင်ပွဲနှင့် အမျိုးသမီး ထုတ်စီးထိုးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမ နေ့ညနေပိုင်းကဘူးသီးတောင်မြို့ မြို့မအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆုပေးပွဲ အခမ်းအနား၌ ဘော်လီဘောပြိုင်ပွဲတွင် (ပထမ)ဆုရှိသော ( ပန်ဇင်း)အသင်း၊ ဒုတိယဆုရရှိသော (မီးရထား)အသင်း၊ တတိယဆုရရှသော (Member)အသင်းနှင့် ထုတ်စီးထိုးပြိုင်ပွဲတွင် (ပထမ)ဆုရရှိသော မီးရထားအသင်း၊ ဒုတိယဆုရရှိသော ပန်းဇင်အသင်း၊ တတိယဆုရရှိသော (လက်ဝဲဒက်)အသင်းတို့အား လည်ဆွဲဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုပထမ (၃၀၀၀၀၀)သုံးသိန်း၊ ဒုတိယ (၂၀၀၀၀၀)နှစ်သိန်း၊ တတိယ ( ၁၀၀၀၀၀) တစ်သိန်းဆုများနှင့် ပြိုင်ပွဲတွင်ပံ့ပိုးကူညီပေးကြသော အသင်းများအား ဂုဏ်ပြုဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂ ခုနှစ်၊ ဘူးသီးတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆောင်းရာသီ ဖိတ်ခေါ်ဖလား အလွတ်တန်း အမျိုးသားဘော်လီဘောပြိုင်ပွဲကို အသင်း (၈)သင်းနှင့် အမျိုးသမီးထုတ်စီးထိုး ပြိုင်ပွဲအသင်း (၈)သင်းတို့ဖြင့် ဇန်နဝါရီလ(၁၉)ရက်နေ့မှ( ၂၅)ရက်နေ့ထိ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)